ရွှေဆံတော်ဘုရား (ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ စေတီတော်လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကပင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီးဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏ အရှေ့ပိုင်း ဆင်စုရပ်မြောက်ဘက်၊ ဆံတော်ရပ်၌ “သုဒဿန”မည်သော တောင်ကုန်းငယ်တွင် တည်ရှိသည့် ရွှေဆံတော်ဘုရားကို မြသိတင် (မြသီးတင်) ဘုရားဟုလည်း ရှေးက ခေါ်တွင်ခဲ့သည်။ ရွှေဆံတော်၏ ဉာဏ်တော်မှာ ထီးတော်မှ ဖိနပ်တော် (တတိယပစ္စယံ)အထိ ၁၂၇ ပေ၊ ၊ လုံးပတ်တော် ၈၈ ပေ ၈ လက်မ၊ ဖိနပ်တော် ၂၉၄ ပေ အသီးအသီး ရှိလေသည်။
Read article